အကြောင်းအရာသို့ ကျော်သွားရန်

Land အကြောင်း ကျမ်းစာအခန်းငယ်များ

123 အခန်းငယ် · 14 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။

  2. ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊

  3. တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။

  4. ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။

  5. ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။

  6. ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊

  7. ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊

  8. ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။

  9. အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။

  10. အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။

  11. ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။

  12. သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊

  13. ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊

  14. အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။

  15. စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။

  16. ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊

  17. ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊

  18. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

  19. တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။

  20. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။

  21. ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊

  22. ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။

  23. သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။

  24. အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။

  25. အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။