Land အကြောင်း ကျမ်းစာအခန်းငယ်များ: Sale and redemption of, laws concerning
Sale and redemption of, laws concerning အကြောင်း အခန်းငယ်များ
ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။
ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။
မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။
ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-
မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။
ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။
မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။
တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။
သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။
လေဝိသားပိုင်သော မြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။
ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။
မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။
သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-
ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။
လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။
သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။