Skip to content

Jerusalem အကြောင်း ကျမ်းစာအခန်းငယ်များ

271 အခန်းငယ် · 117 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊

  2. သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။

  3. သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။

  4. သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။

  5. ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေ ကြ၏။

  6. တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊

  7. တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိ နှင့်တကွ၊

  8. မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။

  9. ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။

  10. ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။

  11. အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။

  12. ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။

  13. ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊

  14. ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။

  15. နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။

  16. ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။

  17. ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏ လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည်။

  18. ယေရုရှလင်မြို့၌ ရှိသောအိမ်များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုးကို ပြုပြင်လိုသောငှါ၊ အိမ်များကို ဖြို ဖျက်ကြလိမ့်မည်။

  19. ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့ သည် မကြည့်မမှတ် တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူ သောသူကို ပမာဏမပြု တတ်ကြ။

  20. ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။

  21. ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ၍၎င်း၊

  22. ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို၏။

  23. ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။

  24. သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။

  25. အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည် ပြန်၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ။