အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem အကြောင်း ကျမ်းစာအခန်းငယ်များ: King of, confederated with the four other kings of the Amorites, against Joshua and the hosts of Israel

5 အခန်းငယ် · 117 ရှုထောင့်

King of, confederated with the four other kings of the Amorites, against Joshua and the hosts of Israel အကြောင်း အခန်းငယ်များ

  1. ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊

  2. ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။

  3. ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊

  4. ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊

  5. ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။