Jerusalem အကြောင်း ကျမ်းစာအခန်းငယ်များ: Water supply brought in from the Gihon by Hezekiah
Water supply brought in from the Gihon by Hezekiah အကြောင်း အခန်းငယ်များ
မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
အာရှုရိရှင်ဘုရင်တို့သည် လာ၍၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။
ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏ လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည်။
ယေရုရှလင်မြို့၌ ရှိသောအိမ်များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုးကို ပြုပြင်လိုသောငှါ၊ အိမ်များကို ဖြို ဖျက်ကြလိမ့်မည်။
ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့ သည် မကြည့်မမှတ် တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူ သောသူကို ပမာဏမပြု တတ်ကြ။