အကြောင်းအရာသို့ ကျော်သွားရန်

Makkedah

8 verses

31.9300, 34.7800 Google Maps တွင် ကြည့်ရန်

Makkedah ကို ဖော်ပြသော အခန်းငယ်များ

  1. ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။

  2. မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။

  3. မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊

  4. လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။

  5. ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။

  6. ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊

  7. မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊

  8. ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။