Skip to content

Integrity အကြောင်း ကျမ်းစာအခန်းငယ်များ

96 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊

  2. ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။

  3. ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။

  4. ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊

  5. ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊

  6. ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊

  7. ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊

  8. ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။

  9. ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။

  10. ငါသည်သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။

  11. ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။

  12. ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။

  13. ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။

  14. ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။

  15. တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။

  16. အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်။ ဗေါင်းကဲ့သို့ ဆောင်းပါမည်။

  17. ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။

  18. ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်၎င်း၊

  19. စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊

  20. စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။

  21. အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်၎င်း၊

  22. အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ် ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ်ညှဉ်းဆဲသော်၎င်း၊ ထိုသို့သော အပြစ်တစုံတခု ရှိလျှင်၊

  23. ရန်သူသည် အကျွန်ုပ်၏ စိတ်ဝိညာဉ်ကိုလိုက်၍ မှီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊အကျွန်ုပ် အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။

  24. အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊

  25. ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကို ပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊