Integrity အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏ စကားကို ကောက်စေတတ်၏။
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။
မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊
မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။
ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊
ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။
သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊
ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရ ပါစေ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ။
ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။
ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။
ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။
ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ။ ငါသည် ဘွားမြင်သော နေ့မှစ၍ မုတ်ဆိုးမကို မစပြီ။
အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊