အကြောင်းအရာသို့ ကျော်သွားရန်

Afflictions and Adversities အကြောင်း ကျမ်းစာအခန်းငယ်များ

526 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။

  2. တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။

  3. ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။

  4. ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။

  5. ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။

  6. ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။

  7. ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။

  8. ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊သင် သည် အစဉ်ငိုကြွေးရမည် မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။

  9. ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး ၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိ နှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။

  10. သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။

  11. စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ။

  12. ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။

  13. မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။

  14. အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။

  15. အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  16. ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။

  17. နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။

  18. သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။

  19. ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။

  20. အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။

  21. ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။

  22. အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။

  23. ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။

  24. ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။

  25. သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။