အကြောင်းအရာသို့ ကျော်သွားရန်

Afflictions and Adversities အကြောင်း ကျမ်းစာအခန်းငယ်များ

526 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။

  2. ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။

  3. သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။

  4. ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။

  6. သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူ တို့သည်ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။

  7. ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။

  8. လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။

  9. ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။

  10. အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။

  11. ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။

  12. ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။

  13. အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။

  14. အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။

  15. ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။

  16. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။

  17. နှင်တံအောက်မှာ ရှောက်သွားစေ၍၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည်။

  18. သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။

  19. အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊

  20. ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။

  21. သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။

  22. သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။

  23. သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။

  24. သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။

  25. တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။