- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တရားဟောရာကျမ်း 5:27ခရစ်တော် မပေါ်မီ 1451 ခန့်
ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။
- တရားဟောရာကျမ်း 5:28ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသို့ သင်တို့သည် ငါ့အားလျှောက်သော စကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရား ကလည်း၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ။ လျှောက်လေသမျှသော စကား သည် လျောက်ပတ်ပေ၏။
- တရားဟောရာကျမ်း 5:29ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။
- တရားဟောရာကျမ်း 5:30ခရစ်တော် မပေါ်မီ 1451 ခန့်
တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့။
- တရားဟောရာကျမ်း 5:31ခရစ်တော် မပေါ်မီ 1451 ခန့်
သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေ လော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌ သူတို့ကျင့်ဘို့ ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံး ဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
- တရားဟောရာကျမ်း 5:32ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ဖြစ်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
- တရားဟောရာကျမ်း 5:33ခရစ်တော် မပေါ်မီ 1451 ခန့်
သင်တို့ ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည် အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ ရှောက်သွား ရကြမည်။
- တရားဟောရာကျမ်း 6:1ခရစ်တော် မပေါ်မီ 1451 ခန့်
သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
- တရားဟောရာကျမ်း 6:2ခရစ်တော် မပေါ်မီ 1451 ခန့်
ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
- တရားဟောရာကျမ်း 6:3ခရစ်တော် မပေါ်မီ 1451 ခန့်
အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
- တရားဟောရာကျမ်း 6:4ခရစ်တော် မပေါ်မီ 1451 ခန့်
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
- တရားဟောရာကျမ်း 6:5ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
- တရားဟောရာကျမ်း 6:6ခရစ်တော် မပေါ်မီ 1451 ခန့်
ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
- တရားဟောရာကျမ်း 6:7ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
- တရားဟောရာကျမ်း 6:8ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
- တရားဟောရာကျမ်း 6:9ခရစ်တော် မပေါ်မီ 1451 ခန့်
အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
- တရားဟောရာကျမ်း 6:10ခရစ်တော် မပေါ်မီ 1451 ခန့်
သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
- တရားဟောရာကျမ်း 6:11ခရစ်တော် မပေါ်မီ 1451 ခန့်
သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
- တရားဟောရာကျမ်း 6:12ခရစ်တော် မပေါ်မီ 1451 ခန့်
ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
- တရားဟောရာကျမ်း 6:13ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
- တရားဟောရာကျမ်း 6:14ခရစ်တော် မပေါ်မီ 1451 ခန့်
အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
- တရားဟောရာကျမ်း 6:15ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
- တရားဟောရာကျမ်း 6:16ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
- တရားဟောရာကျမ်း 6:17ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
- တရားဟောရာကျမ်း 6:18ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် ချမ်းသာရခြင်းငှာ၎င်း၊