- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တရားဟောရာကျမ်း 6:19ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
- တရားဟောရာကျမ်း 6:20ခရစ်တော် မပေါ်မီ 1451 ခန့်
နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
- တရားဟောရာကျမ်း 6:21ခရစ်တော် မပေါ်မီ 1451 ခန့်
သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
- တရားဟောရာကျမ်း 6:22ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
- တရားဟောရာကျမ်း 6:23ခရစ်တော် မပေါ်မီ 1451 ခန့်
ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
- တရားဟောရာကျမ်း 6:24ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
- တရားဟောရာကျမ်း 6:25ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။
- တရားဟောရာကျမ်း 7:1ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊
- တရားဟောရာကျမ်း 7:2ခရစ်တော် မပေါ်မီ 1451 ခန့်
တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။
- တရားဟောရာကျမ်း 7:3ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
- တရားဟောရာကျမ်း 7:4ခရစ်တော် မပေါ်မီ 1451 ခန့်
အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။
- တရားဟောရာကျမ်း 7:5ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
- တရားဟောရာကျမ်း 7:6ခရစ်တော် မပေါ်မီ 1451 ခန့်
အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
- တရားဟောရာကျမ်း 7:7ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။
- တရားဟောရာကျမ်း 7:8ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။
- တရားဟောရာကျမ်း 7:9ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊
- တရားဟောရာကျမ်း 7:10ခရစ်တော် မပေါ်မီ 1451 ခန့်
ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။
- တရားဟောရာကျမ်း 7:11ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ဖြစ်၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။
- တရားဟောရာကျမ်း 7:12ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။
- တရားဟောရာကျမ်း 7:13ခရစ်တော် မပေါ်မီ 1451 ခန့်
သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
- တရားဟောရာကျမ်း 7:14ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။
- တရားဟောရာကျမ်း 7:15ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။
- တရားဟောရာကျမ်း 7:16ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
- တရားဟောရာကျမ်း 7:17ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊
- တရားဟောရာကျမ်း 7:18ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊