အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်ဒုတိယစောင် 18:20ခရစ်တော် မပေါ်မီ 1023 ခန့်

    ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊

  2. ဓမ္မရာဇဝင်ဒုတိယစောင် 18:21ခရစ်တော် မပေါ်မီ 1023 ခန့်

    ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။

  3. ဓမ္မရာဇဝင်ဒုတိယစောင် 18:22ခရစ်တော် မပေါ်မီ 1023 ခန့်

    တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊

  4. ဓမ္မရာဇဝင်ဒုတိယစောင် 18:23ခရစ်တော် မပေါ်မီ 1023 ခန့်

    ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။

  5. ဓမ္မရာဇဝင်ဒုတိယစောင် 18:24ခရစ်တော် မပေါ်မီ 1023 ခန့်

    ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊

  6. ဓမ္မရာဇဝင်ဒုတိယစောင် 18:25ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊

  7. ဓမ္မရာဇဝင်ဒုတိယစောင် 18:26ခရစ်တော် မပေါ်မီ 1023 ခန့်

    ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။

  8. ဓမ္မရာဇဝင်ဒုတိယစောင် 18:27ခရစ်တော် မပေါ်မီ 1023 ခန့်

    ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။

  9. ဓမ္မရာဇဝင်ဒုတိယစောင် 18:28ခရစ်တော် မပေါ်မီ 1023 ခန့်

    အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။

  10. ဓမ္မရာဇဝင်ဒုတိယစောင် 18:29ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊

  11. ဓမ္မရာဇဝင်ဒုတိယစောင် 18:30ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။

  12. ဓမ္မရာဇဝင်ဒုတိယစောင် 18:31ခရစ်တော် မပေါ်မီ 1023 ခန့်

    တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊

  13. ဓမ္မရာဇဝင်ဒုတိယစောင် 18:32ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။

  14. ဓမ္မရာဇဝင်ဒုတိယစောင် 18:33ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။

  15. ဓမ္မရာဇဝင်ဒုတိယစောင် 19:1ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။

  16. ဓမ္မရာဇဝင်ဒုတိယစောင် 19:2ခရစ်တော် မပေါ်မီ 1023 ခန့်

    ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊

  17. ဓမ္မရာဇဝင်ဒုတိယစောင် 19:3ခရစ်တော် မပေါ်မီ 1023 ခန့်

    စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။

  18. ဓမ္မရာဇဝင်ဒုတိယစောင် 19:4ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။

  19. ဓမ္မရာဇဝင်ဒုတိယစောင် 19:5ခရစ်တော် မပေါ်မီ 1023 ခန့်

    ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။

  20. ဓမ္မရာဇဝင်ဒုတိယစောင် 19:6ခရစ်တော် မပေါ်မီ 1023 ခန့်

    ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။

  21. ဓမ္မရာဇဝင်ဒုတိယစောင် 19:7ခရစ်တော် မပေါ်မီ 1023 ခန့်

    ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊

  22. ဓမ္မရာဇဝင်ဒုတိယစောင် 19:8ခရစ်တော် မပေါ်မီ 1023 ခန့်

    ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။

  23. ဓမ္မရာဇဝင်ဒုတိယစောင် 19:9ခရစ်တော် မပေါ်မီ 1023 ခန့်

    ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။

  24. ဓမ္မရာဇဝင်ဒုတိယစောင် 19:10ခရစ်တော် မပေါ်မီ 1023 ခန့်

    ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။

  25. ဓမ္မရာဇဝင်ဒုတိယစောင် 19:11ခရစ်တော် မပေါ်မီ 1023 ခန့်

    ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။