အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 24:13ခရစ်နှစ် 33 ခန့်

    အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

  2. ရှင်မဿဲခရစ်ဝင် 24:14ခရစ်နှစ် 33 ခန့်

    လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။

  3. ရှင်မဿဲခရစ်ဝင် 24:15ခရစ်နှစ် 33 ခန့်

    ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။

  4. ရှင်မဿဲခရစ်ဝင် 24:16ခရစ်နှစ် 33 ခန့်

    ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။

  5. ရှင်မဿဲခရစ်ဝင် 24:17ခရစ်နှစ် 33 ခန့်

    အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။

  6. ရှင်မဿဲခရစ်ဝင် 24:18ခရစ်နှစ် 33 ခန့်

    လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။

  7. ရှင်မဿဲခရစ်ဝင် 24:19ခရစ်နှစ် 33 ခန့်

    ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။

  8. ရှင်မဿဲခရစ်ဝင် 24:20ခရစ်နှစ် 33 ခန့်

    သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆု တောင်းကြလော့။

  9. ရှင်မဿဲခရစ်ဝင် 24:21ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။

  10. ရှင်မဿဲခရစ်ဝင် 24:22ခရစ်နှစ် 33 ခန့်

    ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။

  11. ရှင်မဿဲခရစ်ဝင် 24:23ခရစ်နှစ် 33 ခန့်

    ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။

  12. ရှင်မဿဲခရစ်ဝင် 24:24ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။

  13. ရှင်မဿဲခရစ်ဝင် 24:25ခရစ်နှစ် 33 ခန့်

    ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။

  14. ရှင်မဿဲခရစ်ဝင် 24:26ခရစ်နှစ် 33 ခန့်

    ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။

  15. ရှင်မဿဲခရစ်ဝင် 24:27ခရစ်နှစ် 33 ခန့်

    လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။

  16. ရှင်မဿဲခရစ်ဝင် 24:28ခရစ်နှစ် 33 ခန့်

    အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။

  17. ရှင်မဿဲခရစ်ဝင် 24:29ခရစ်နှစ် 33 ခန့်

    ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

  18. ရှင်မဿဲခရစ်ဝင် 24:30ခရစ်နှစ် 33 ခန့်

    ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။

  19. ရှင်မဿဲခရစ်ဝင် 24:31ခရစ်နှစ် 33 ခန့်

    လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။

  20. ရှင်မဿဲခရစ်ဝင် 24:32ခရစ်နှစ် 33 ခန့်

    သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။

  21. ရှင်မဿဲခရစ်ဝင် 24:33ခရစ်နှစ် 33 ခန့်

    ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။

  22. ရှင်မဿဲခရစ်ဝင် 24:34ခရစ်နှစ် 33 ခန့်

    ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။

  23. ရှင်မဿဲခရစ်ဝင် 24:35ခရစ်နှစ် 33 ခန့်

    ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။

  24. ရှင်မဿဲခရစ်ဝင် 24:36ခရစ်နှစ် 33 ခန့်

    ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။

  25. ရှင်မဿဲခရစ်ဝင် 24:37ခရစ်နှစ် 33 ခန့်

    လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။