အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 20:28ခရစ်နှစ် 33 ခန့်

    သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

  2. ရှင်မဿဲခရစ်ဝင် 20:29ခရစ်နှစ် 33 ခန့်

    ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

  3. ရှင်မဿဲခရစ်ဝင် 20:30ခရစ်နှစ် 33 ခန့်

    ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရ လျှင်။ ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။

  4. ရှင်မဿဲခရစ်ဝင် 20:31ခရစ်နှစ် 33 ခန့်

    ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်ကြ၏။

  5. ရှင်မဿဲခရစ်ဝင် 20:32ခရစ်နှစ် 33 ခန့်

    ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍ သင်တို့၌အဘယ်သို့ ပြုစေလိုသနည်းဟု မေး တော်မူလျှင်၊

  6. ရှင်မဿဲခရစ်ဝင် 20:33ခရစ်နှစ် 33 ခန့်

    သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှါ ပြုတော်မူပါဟု လျှောက်ကြသော်၊

  7. ရှင်မဿဲခရစ်ဝင် 20:34ခရစ်နှစ် 33 ခန့်

    ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူ တို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။

  8. ရှင်မဿဲခရစ်ဝင် 21:1ခရစ်နှစ် 33 ခန့်

    ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊

  9. ရှင်မဿဲခရစ်ဝင် 21:2ခရစ်နှစ် 33 ခန့်

    သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။

  10. ရှင်မဿဲခရစ်ဝင် 21:3ခရစ်နှစ် 33 ခန့်

    သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။

  11. ရှင်မဿဲခရစ်ဝင် 21:4ခရစ်နှစ် 33 ခန့်

    ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊

  12. ရှင်မဿဲခရစ်ဝင် 21:5ခရစ်နှစ် 33 ခန့်

    နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။

  13. ရှင်မဿဲခရစ်ဝင် 21:6ခရစ်နှစ် 33 ခန့်

    တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊

  14. ရှင်မဿဲခရစ်ဝင် 21:7ခရစ်နှစ် 33 ခန့်

    မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ၏။

  15. ရှင်မဿဲခရစ်ဝင် 21:8ခရစ်နှစ် 33 ခန့်

    အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။

  16. ရှင်မဿဲခရစ်ဝင် 21:9ခရစ်နှစ် 33 ခန့်

    ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။

  17. ရှင်မဿဲခရစ်ဝင် 21:10ခရစ်နှစ် 33 ခန့်

    ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊

  18. ရှင်မဿဲခရစ်ဝင် 21:11ခရစ်နှစ် 33 ခန့်

    လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။

  19. ရှင်မဿဲခရစ်ဝင် 21:12ခရစ်နှစ် 33 ခန့်

    ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊

  20. ရှင်မဿဲခရစ်ဝင် 21:13ခရစ်နှစ် 33 ခန့်

    ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။

  21. ရှင်မဿဲခရစ်ဝင် 21:14ခရစ်နှစ် 33 ခန့်

    ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။

  22. ရှင်မဿဲခရစ်ဝင် 21:15ခရစ်နှစ် 33 ခန့်

    ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊

  23. ရှင်မဿဲခရစ်ဝင် 21:16ခရစ်နှစ် 33 ခန့်

    ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။

  24. ရှင်မဿဲခရစ်ဝင် 21:17ခရစ်နှစ် 33 ခန့်

    ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။

  25. ရှင်မဿဲခရစ်ဝင် 21:18ခရစ်နှစ် 33 ခန့်

    နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။