အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 20:3ခရစ်နှစ် 33 ခန့်

    နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည် ကို မြင်၍၊

  2. ရှင်မဿဲခရစ်ဝင် 20:4ခရစ်နှစ် 33 ခန့်

    သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏။

  3. ရှင်မဿဲခရစ်ဝင် 20:5ခရစ်နှစ် 33 ခန့်

    တဖန် နှစ်ချက်တီးအချိန်၊ တဖန် သုံးချက်တီးအချိန်၌ ထွက်၌ရှေ့နည်းအတူပြုလေ၏။

  4. ရှင်မဿဲခရစ်ဝင် 20:6ခရစ်နှစ် 33 ခန့်

    ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကို တွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော်၊

  5. ရှင်မဿဲခရစ်ဝင် 20:7ခရစ်နှစ် 33 ခန့်

    ထိုသူတို့က၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ၏။

  6. ရှင်မဿဲခရစ်ဝင် 20:8ခရစ်နှစ် 33 ခန့်

    ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင် သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ၏။

  7. ရှင်မဿဲခရစ်ဝင် 20:9ခရစ်နှစ် 33 ခန့်

    ထို့ကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။

  8. ရှင်မဿဲခရစ်ဝင် 20:10ခရစ်နှစ် 33 ခန့်

    အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ၏။

  9. ရှင်မဿဲခရစ်ဝင် 20:11ခရစ်နှစ် 33 ခန့်

    ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊

  10. ရှင်မဿဲခရစ်ဝင် 20:12ခရစ်နှစ် 33 ခန့်

    နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။

  11. ရှင်မဿဲခရစ်ဝင် 20:13ခရစ်နှစ် 33 ခန့်

    အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော။

  12. ရှင်မဿဲခရစ်ဝင် 20:14ခရစ်နှစ် 33 ခန့်

    သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။

  13. ရှင်မဿဲခရစ်ဝင် 20:15ခရစ်နှစ် 33 ခန့်

    ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။

  14. ရှင်မဿဲခရစ်ဝင် 20:16ခရစ်နှစ် 33 ခန့်

    ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည်ဟု မိန့်တော်မူ၏။

  15. ရှင်မဿဲခရစ်ဝင် 20:17ခရစ်နှစ် 33 ခန့်

    ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ်၍၊

  16. ရှင်မဿဲခရစ်ဝင် 20:18ခရစ်နှစ် 33 ခန့်

    ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ် အ ကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။

  17. ရှင်မဿဲခရစ်ဝင် 20:19ခရစ်နှစ် 33 ခန့်

    လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။

  18. ရှင်မဿဲခရစ်ဝင် 20:20ခရစ်နှစ် 33 ခန့်

    ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပြပ်ဝပ်လျက်ဆုကျေးဇူး ကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော်၊

  19. ရှင်မဿဲခရစ်ဝင် 20:21ခရစ်နှစ် 33 ခန့်

    ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲ တော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ၏။

  20. ရှင်မဿဲခရစ်ဝင် 20:22ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊

  21. ရှင်မဿဲခရစ်ဝင် 20:23ခရစ်နှစ် 33 ခန့်

    ငါ၏ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့် မည်။ သို့သော်လည်း ငါ၏လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။

  22. ရှင်မဿဲခရစ်ဝင် 20:24ခရစ်နှစ် 33 ခန့်

    အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ၏။

  23. ရှင်မဿဲခရစ်ဝင် 20:25ခရစ်နှစ် 33 ခန့်

    ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြု တတ်ကြ၏။

  24. ရှင်မဿဲခရစ်ဝင် 20:26ခရစ်နှစ် 33 ခန့်

    အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။

  25. ရှင်မဿဲခရစ်ဝင် 20:27ခရစ်နှစ် 33 ခန့်

    သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊