circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်မဿဲခရစ်ဝင် 21:44ခရစ်နှစ် 33 ခန့်
အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 21:45ခရစ်နှစ် 33 ခန့်
ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
- ရှင်မဿဲခရစ်ဝင် 21:46ခရစ်နှစ် 33 ခန့်
ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
- ရှင်မဿဲခရစ်ဝင် 22:1ခရစ်နှစ် 33 ခန့်
တဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
- ရှင်မဿဲခရစ်ဝင် 22:2ခရစ်နှစ် 33 ခန့်
ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။
- ရှင်မဿဲခရစ်ဝင် 22:3ခရစ်နှစ် 33 ခန့်
ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။
- ရှင်မဿဲခရစ်ဝင် 22:4ခရစ်နှစ် 33 ခန့်
တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။
- ရှင်မဿဲခရစ်ဝင် 22:5ခရစ်နှစ် 33 ခန့်
သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။
- ရှင်မဿဲခရစ်ဝင် 22:6ခရစ်နှစ် 33 ခန့်
ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။
- ရှင်မဿဲခရစ်ဝင် 22:7ခရစ်နှစ် 33 ခန့်
ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
- ရှင်မဿဲခရစ်ဝင် 22:8ခရစ်နှစ် 33 ခန့်
ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊
- ရှင်မဿဲခရစ်ဝင် 22:9ခရစ်နှစ် 33 ခန့်
လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊
- ရှင်မဿဲခရစ်ဝင် 22:10ခရစ်နှစ် 33 ခန့်
လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
- ရှင်မဿဲခရစ်ဝင် 22:11ခရစ်နှစ် 33 ခန့်
မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊
- ရှင်မဿဲခရစ်ဝင် 22:12ခရစ်နှစ် 33 ခန့်
အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။
- ရှင်မဿဲခရစ်ဝင် 22:13ခရစ်နှစ် 33 ခန့်
ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။
- ရှင်မဿဲခရစ်ဝင် 22:14ခရစ်နှစ် 33 ခန့်
ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။
- ရှင်မဿဲခရစ်ဝင် 22:15ခရစ်နှစ် 33 ခန့်
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊
- ရှင်မဿဲခရစ်ဝင် 22:16ခရစ်နှစ် 33 ခန့်
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။
- ရှင်မဿဲခရစ်ဝင် 22:17ခရစ်နှစ် 33 ခန့်
သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
- ရှင်မဿဲခရစ်ဝင် 22:18ခရစ်နှစ် 33 ခန့်
ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။
- ရှင်မဿဲခရစ်ဝင် 22:19ခရစ်နှစ် 33 ခန့်
အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။
- ရှင်မဿဲခရစ်ဝင် 22:20ခရစ်နှစ် 33 ခန့်
ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊
- ရှင်မဿဲခရစ်ဝင် 22:21ခရစ်နှစ် 33 ခန့်
ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 22:22ခရစ်နှစ် 33 ခန့်
ထိုသူတို့သည် ကြားရလျှင်အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။