circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်မဿဲခရစ်ဝင် 22:23ခရစ်နှစ် 33 ခန့်
ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊
- ရှင်မဿဲခရစ်ဝင် 22:24ခရစ်နှစ် 33 ခန့်
အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။
- ရှင်မဿဲခရစ်ဝင် 22:25ခရစ်နှစ် 33 ခန့်
အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။
- ရှင်မဿဲခရစ်ဝင် 22:26ခရစ်နှစ် 33 ခန့်
ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။
- ရှင်မဿဲခရစ်ဝင် 22:27ခရစ်နှစ် 33 ခန့်
နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
- ရှင်မဿဲခရစ်ဝင် 22:28ခရစ်နှစ် 33 ခန့်
သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။
- ရှင်မဿဲခရစ်ဝင် 22:29ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။
- ရှင်မဿဲခရစ်ဝင် 22:30ခရစ်နှစ် 33 ခန့်
ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။
- ရှင်မဿဲခရစ်ဝင် 22:31ခရစ်နှစ် 33 ခန့်
ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။
- ရှင်မဿဲခရစ်ဝင် 22:32ခရစ်နှစ် 33 ခန့်
ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 22:33ခရစ်နှစ် 33 ခန့်
ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
- ရှင်မဿဲခရစ်ဝင် 22:34ခရစ်နှစ် 33 ခန့်
ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊
- ရှင်မဿဲခရစ်ဝင် 22:35ခရစ်နှစ် 33 ခန့်
သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊
- ရှင်မဿဲခရစ်ဝင် 22:36ခရစ်နှစ် 33 ခန့်
အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊
- ရှင်မဿဲခရစ်ဝင် 22:37ခရစ်နှစ် 33 ခန့်
ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
- ရှင်မဿဲခရစ်ဝင် 22:38ခရစ်နှစ် 33 ခန့်
ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
- ရှင်မဿဲခရစ်ဝင် 22:39ခရစ်နှစ် 33 ခန့်
ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။
- ရှင်မဿဲခရစ်ဝင် 22:40ခရစ်နှစ် 33 ခန့်
ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 22:41ခရစ်နှစ် 33 ခန့်
ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။
- ရှင်မဿဲခရစ်ဝင် 22:42ခရစ်နှစ် 33 ခန့်
အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊
- ရှင်မဿဲခရစ်ဝင် 22:43ခရစ်နှစ် 33 ခန့်
သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။
- ရှင်မဿဲခရစ်ဝင် 22:44ခရစ်နှစ် 33 ခန့်
ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
- ရှင်မဿဲခရစ်ဝင် 22:45ခရစ်နှစ် 33 ခန့်
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော်၊
- ရှင်မဿဲခရစ်ဝင် 22:46ခရစ်နှစ် 33 ခန့်
အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ။
- ရှင်မဿဲခရစ်ဝင် 23:1ခရစ်နှစ် 33 ခန့်
ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူပေါင်းတို့အား ဟောပြောတော်မူသည်ကား၊