အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 7:11ခရစ်တော် မပေါ်မီ 610 ခန့်

    ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

  2. ယေရမိအနာဂတ္တိကျမ်း 7:12ခရစ်တော် မပေါ်မီ 610 ခန့်

    ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။

  3. ယေရမိအနာဂတ္တိကျမ်း 7:13ခရစ်တော် မပေါ်မီ 610 ခန့်

    ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊

  4. ယေရမိအနာဂတ္တိကျမ်း 7:14ခရစ်တော် မပေါ်မီ 610 ခန့်

    ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။

  5. ယေရမိအနာဂတ္တိကျမ်း 7:15ခရစ်တော် မပေါ်မီ 610 ခန့်

    သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။

  6. ယေရမိအနာဂတ္တိကျမ်း 7:16ခရစ်တော် မပေါ်မီ 610 ခန့်

    သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်။

  7. ယေရမိအနာဂတ္တိကျမ်း 7:17ခရစ်တော် မပေါ်မီ 610 ခန့်

    သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ တို့၌ ပြုကြသော အမှုကို မမြင်သလော။

  8. ယေရမိအနာဂတ္တိကျမ်း 7:18ခရစ်တော် မပေါ်မီ 610 ခန့်

    ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့် ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။

  9. ယေရမိအနာဂတ္တိကျမ်း 7:19ခရစ်တော် မပေါ်မီ 610 ခန့်

    ထိုသို့ပြု၍ ငါ့ကိုနှောင့်ရှက်ကြသလော။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ၏။

  10. ယေရမိအနာဂတ္တိကျမ်း 7:20ခရစ်တော် မပေါ်မီ 610 ခန့်

    သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤအရပ် ၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။

  11. ယေရမိအနာဂတ္တိကျမ်း 7:21ခရစ်တော် မပေါ်မီ 610 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။

  12. ယေရမိအနာဂတ္တိကျမ်း 7:22ခရစ်တော် မပေါ်မီ 610 ခန့်

    အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။

  13. ယေရမိအနာဂတ္တိကျမ်း 7:23ခရစ်တော် မပေါ်မီ 610 ခန့်

    ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  14. ယေရမိအနာဂတ္တိကျမ်း 7:24ခရစ်တော် မပေါ်မီ 610 ခန့်

    သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။

  15. ယေရမိအနာဂတ္တိကျမ်း 7:25ခရစ်တော် မပေါ်မီ 610 ခန့်

    သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊

  16. ယေရမိအနာဂတ္တိကျမ်း 7:26ခရစ်တော် မပေါ်မီ 610 ခန့်

    သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာ မယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။

  17. ယေရမိအနာဂတ္တိကျမ်း 7:27ခရစ်တော် မပေါ်မီ 610 ခန့်

    သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော် လည်း မထူးကြ။

  18. ယေရမိအနာဂတ္တိကျမ်း 7:28ခရစ်တော် မပေါ်မီ 610 ခန့်

    သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နား မထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။

  19. ယေရမိအနာဂတ္တိကျမ်း 7:29ခရစ်တော် မပေါ်မီ 610 ခန့်

    သင်၏သစ္စာဆံပင်ကို ရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်း မူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ။

  20. ယေရမိအနာဂတ္တိကျမ်း 7:30ခရစ်တော် မပေါ်မီ 610 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ။

  21. ယေရမိအနာဂတ္တိကျမ်း 7:31ခရစ်တော် မပေါ်မီ 610 ခန့်

    ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။

  22. ယေရမိအနာဂတ္တိကျမ်း 7:32ခရစ်တော် မပေါ်မီ 610 ခန့်

    သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။

  23. ယေရမိအနာဂတ္တိကျမ်း 7:33ခရစ်တော် မပေါ်မီ 610 ခန့်

    ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။

  24. ယေရမိအနာဂတ္တိကျမ်း 7:34ခရစ်တော် မပေါ်မီ 610 ခန့်

    ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်း မြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ၏။

  25. ယေရမိအနာဂတ္တိကျမ်း 8:1ခရစ်တော် မပေါ်မီ 610 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ်၍၊