circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 6:16ခရစ်တော် မပေါ်မီ 612 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
- ယေရမိအနာဂတ္တိကျမ်း 6:17ခရစ်တော် မပေါ်မီ 612 ခန့်
ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက်၊ သင်တို့အပေါ်၌ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ၏။
- ယေရမိအနာဂတ္တိကျမ်း 6:18ခရစ်တော် မပေါ်မီ 612 ခန့်
သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြ လော့။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့၊ သိမှတ်ကြလော့။
- ယေရမိအနာဂတ္တိကျမ်း 6:19ခရစ်တော် မပေါ်မီ 612 ခန့်
အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။
- ယေရမိအနာဂတ္တိကျမ်း 6:20ခရစ်တော် မပေါ်မီ 612 ခန့်
ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
- ယေရမိအနာဂတ္တိကျမ်း 6:21ခရစ်တော် မပေါ်မီ 612 ခန့်
ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့်သားတို့သည် ထိမိ၍ လဲကြလိမ့် မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 6:22ခရစ်တော် မပေါ်မီ 612 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။
- ယေရမိအနာဂတ္တိကျမ်း 6:23ခရစ်တော် မပေါ်မီ 612 ခန့်
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍၊ သနားခြင်းကရုဏာမရှိ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 6:24ခရစ်တော် မပေါ်မီ 612 ခန့်
ထိုသိတင်းကို ငါတို့သည် ကြား၍ လက်အား လျော့ကြ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎င်းခံရကြ၏။
- ယေရမိအနာဂတ္တိကျမ်း 6:25ခရစ်တော် မပေါ်မီ 612 ခန့်
တောသို့မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ထားပါ၏။ အရပ်ရပ်၌ဘေးရှိ၏။
- ယေရမိအနာဂတ္တိကျမ်း 6:26ခရစ်တော် မပေါ်မီ 612 ခန့်
အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 6:27ခရစ်တော် မပေါ်မီ 612 ခန့်
သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။
- ယေရမိအနာဂတ္တိကျမ်း 6:28ခရစ်တော် မပေါ်မီ 612 ခန့်
ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။
- ယေရမိအနာဂတ္တိကျမ်း 6:29ခရစ်တော် မပေါ်မီ 612 ခန့်
ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။
- ယေရမိအနာဂတ္တိကျမ်း 6:30ခရစ်တော် မပေါ်မီ 612 ခန့်
ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။
ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန် တော် တံခါးဝ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား၊
- ယေရမိအနာဂတ္တိကျမ်း 7:2ခရစ်တော် မပေါ်မီ 610 ခန့်
ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
- ယေရမိအနာဂတ္တိကျမ်း 7:3ခရစ်တော် မပေါ်မီ 610 ခန့်
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။
- ယေရမိအနာဂတ္တိကျမ်း 7:4ခရစ်တော် မပေါ်မီ 610 ခန့်
ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
- ယေရမိအနာဂတ္တိကျမ်း 7:5ခရစ်တော် မပေါ်မီ 610 ခန့်
သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊
- ယေရမိအနာဂတ္တိကျမ်း 7:6ခရစ်တော် မပေါ်မီ 610 ခန့်
ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊
- ယေရမိအနာဂတ္တိကျမ်း 7:7ခရစ်တော် မပေါ်မီ 610 ခန့်
သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
- ယေရမိအနာဂတ္တိကျမ်း 7:8ခရစ်တော် မပေါ်မီ 610 ခန့်
အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
- ယေရမိအနာဂတ္တိကျမ်း 7:9ခရစ်တော် မပေါ်မီ 610 ခန့်
သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊
- ယေရမိအနာဂတ္တိကျမ်း 7:10ခရစ်တော် မပေါ်မီ 610 ခန့်
ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။