- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 30–62
The Early Church
Pentecost ignites a movement; Peter, Paul, and countless others carry the gospel from Jerusalem to the ends of the earth.
ဤကာလမှ အခန်းငယ်များ
- တမန်တော်ဝတ္ထု 7:8ခရစ်နှစ် 33 ခန့်
ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ ၏။ ထိုသို့ဣဇာတ်ကို ဘွားမြင်၍ ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာတ်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။
- တမန်တော်ဝတ္ထု 7:9ခရစ်နှစ် 33 ခန့်
အမျိုး၏ အဘတို့သည် လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော် မူလျက်၊
- တမန်တော်ဝတ္ထု 7:10ခရစ်နှစ် 33 ခန့်
အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။
- တမန်တော်ဝတ္ထု 7:11ခရစ်နှစ် 33 ခန့်
ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့ အဘများ၌ စားစရာကုန်သော အခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊
- တမန်တော်ဝတ္ထု 7:12ခရစ်နှစ် 33 ခန့်
ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ် လေ၏။
- တမန်တော်ဝတ္ထု 7:13ခရစ်နှစ် 33 ခန့်
ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီ အစ်ကိုတို့အား မိမိအကြောင်းကို ဘော်ပြ၍၊ ဖာရော ဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။
- တမန်တော်ဝတ္ထု 7:14ခရစ်နှစ် 33 ခန့်
ထိုအခါ ယောသပ်သည်စေလွှတ်၍ မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ် ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ၏။
- တမန်တော်ဝတ္ထု 7:15ခရစ်နှစ် 33 ခန့်
ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ၏။
- တမန်တော်ဝတ္ထု 7:16ခရစ်နှစ် 33 ခန့်
ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘ ဖြစ်သောဟာမော်၏ သားတို့အား အဘိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။
- တမန်တော်ဝတ္ထု 7:17ခရစ်နှစ် 33 ခန့်
အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ဂတိတော်၏ အချိန်ရောက်လုသောအခါ၊
- တမန်တော်ဝတ္ထု 7:18ခရစ်နှစ် 33 ခန့်
ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွါး၍၊ ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး ပေါ်လာ သည်တိုင်အောင် များပြားကြလေ၏။
- တမန်တော်ဝတ္ထု 7:19ခရစ်နှစ် 33 ခန့်
ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲ နှိပ်စက်လေ၏။
- တမန်တော်ဝတ္ထု 7:20ခရစ်နှစ် 33 ခန့်
ထိုအခါအလွန်အဆင်းလှသော မောရှေကို ဘွားမြင်လျှင်၊ သုံးလပတ်လုံးအဘ၏ အိမ်တွင် ကျွေးမွေး ကြ၏။
- တမန်တော်ဝတ္ထု 7:21ခရစ်နှစ် 33 ခန့်
နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစား လေ၏။
- တမန်တော်ဝတ္ထု 7:22ခရစ်နှစ် 33 ခန့်
မောရှေသည်လည် အဲဂုတ္တု အတတ်၊ ပညာ အလုံးစုံတို့ကို သင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။
- တမန်တော်ဝတ္ထု 7:23ခရစ်နှစ် 33 ခန့်
အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
- တမန်တော်ဝတ္ထု 7:24ခရစ်နှစ် 33 ခန့်
အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ် မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ ၏။
- တမန်တော်ဝတ္ထု 7:25ခရစ်နှစ် 33 ခန့်
ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို ညီအစ်ကိုတို့သည် နား လည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။
- တမန်တော်ဝတ္ထု 7:26ခရစ်နှစ် 33 ခန့်
နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော်၊
- တမန်တော်ဝတ္ထု 7:27ခရစ်နှစ် 33 ခန့်
အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း။
- တမန်တော်ဝတ္ထု 7:28ခရစ်နှစ် 33 ခန့်
မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။
- တမန်တော်ဝတ္ထု 7:29ခရစ်နှစ် 33 ခန့်
ထိုစကားကိုကြားလျှင်၊ မောရှေသည် ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ် ယောက်ကိုမြင်လေ၏။
- တမန်တော်ဝတ္ထု 7:30ခရစ်နှစ် 33 ခန့်
အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်း တောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင်တမန်ထင် ရှား၏။
- တမန်တော်ဝတ္ထု 7:31ခရစ်နှစ် 33 ခန့်
ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊
- တမန်တော်ဝတ္ထု 7:32ခရစ်နှစ် 33 ခန့်
ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ ဟုထာဝရဘုရား၏ ဗျာဒိတ် တော်အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ။