အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကောလောသဲဩဝါဒစာ 1:16ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။

  2. ကောလောသဲဩဝါဒစာ 1:17ခရစ်နှစ် 64 ခန့်

    သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။

  3. ကောလောသဲဩဝါဒစာ 1:18ခရစ်နှစ် 64 ခန့်

    အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။

  4. ကောလောသဲဩဝါဒစာ 1:19ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊

  5. ကောလောသဲဩဝါဒစာ 1:20ခရစ်နှစ် 64 ခန့်

    လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။

  6. ကောလောသဲဩဝါဒစာ 1:21ခရစ်နှစ် 64 ခန့်

    အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏။

  7. ကောလောသဲဩဝါဒစာ 1:22ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊

  8. ကောလောသဲဩဝါဒစာ 1:23ခရစ်နှစ် 64 ခန့်

    တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။

  9. ကောလောသဲဩဝါဒစာ 1:24ခရစ်နှစ် 64 ခန့်

    ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။

  10. ကောလောသဲဩဝါဒစာ 1:25ခရစ်နှစ် 64 ခန့်

    ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊

  11. ကောလောသဲဩဝါဒစာ 1:26ခရစ်နှစ် 64 ခန့်

    သင်တို့အကျိုးကို ထောက်၍၊ ငါအား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ရောက်ရပြီ။

  12. ကောလောသဲဩဝါဒစာ 1:27ခရစ်နှစ် 64 ခန့်

    တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။

  13. ကောလောသဲဩဝါဒစာ 1:28ခရစ်နှစ် 64 ခန့်

    ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။

  14. ကောလောသဲဩဝါဒစာ 1:29ခရစ်နှစ် 64 ခန့်

    ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။

  15. ကောလောသဲဩဝါဒစာ 2:1ခရစ်နှစ် 64 ခန့်

    သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်။

  16. ကောလောသဲဩဝါဒစာ 2:2ခရစ်နှစ် 64 ခန့်

    မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။

  17. ကောလောသဲဩဝါဒစာ 2:3ခရစ်နှစ် 64 ခန့်

    ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။

  18. ကောလောသဲဩဝါဒစာ 2:4ခရစ်နှစ် 64 ခန့်

    အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤ စကားကို ငါပြောဆို၏။

  19. ကောလောသဲဩဝါဒစာ 2:5ခရစ်နှစ် 64 ခန့်

    ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို၎င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။

  20. ကောလောသဲဩဝါဒစာ 2:6ခရစ်နှစ် 64 ခန့်

    ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊

  21. ကောလောသဲဩဝါဒစာ 2:7ခရစ်နှစ် 64 ခန့်

    ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။

  22. ကောလောသဲဩဝါဒစာ 2:8ခရစ်နှစ် 64 ခန့်

    ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့။

  23. ကောလောသဲဩဝါဒစာ 2:9ခရစ်နှစ် 64 ခန့်

    အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။

  24. ကောလောသဲဩဝါဒစာ 2:10ခရစ်နှစ် 64 ခန့်

    အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။

  25. ကောလောသဲဩဝါဒစာ 2:11ခရစ်နှစ် 64 ခန့်

    ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊