အကြောင်းအရာသို့ ကျော်သွားရန်

Babylon

255 verses · 3 known names

အခြားအမည်: Babylon's, Sheshach

32.5300, 44.4200 Google Maps တွင် ကြည့်ရန်

Babylon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည်။

  2. ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။

  3. ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။

  4. ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊

  5. ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။

  6. ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။

  7. ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။

  8. ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

  9. တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊

  10. အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ် တင်၍ လျှောက်ထားကြ၏။

  11. ဗာဗုလုန်နိုင်ငံတွင် ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ချီးမြှောက်တော်မူ၏။

  12. ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊

  13. တဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက်၊

  14. ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။

  15. ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကို ဘတ်၍ အနက် ကို ဘော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယ မင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊

  16. ဗာဗုလုန် ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပဌမ နှစ်တွင်၊ ဒံယေလသည် အိပ်မက်ကို မြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား၊

  17. အိုဇိအုန်သတို့သမီး၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရ မည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ် လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။

  18. ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။

  19. အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊

  20. ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။

  21. ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။

  22. ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။

  23. သင်တို့သည် မောလုပ်၏တဲနှင့်သင်တို့ဘုရား ရင်ဖန်၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။

  24. ငါ့သားမာကုမှစ၍ ဗာဗုလုန်မြို့၌ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကိုနှုတ်ဆက်ကြ၏။

  25. ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။