အကြောင်းအရာသို့ ကျော်သွားရန်

Babylon

255 verses · 3 known names

အခြားအမည်: Babylon's, Sheshach

32.5300, 44.4200 Google Maps တွင် ကြည့်ရန်

Babylon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြို့ကြီးသည်သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။

  2. နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။

  3. သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။

  4. သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။

  5. ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။