အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။

  2. ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊

  3. တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊

  4. အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။

  5. ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။

  6. ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည် ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။

  7. ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊

  8. ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။

  9. ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။

  10. ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊

  11. ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ၏။

  12. ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့ အား ယေရှုက၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။

  13. ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။

  14. ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။

  15. ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊

  16. ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။

  17. တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊

  18. ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊

  19. ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။

  20. မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။

  21. အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။

  22. မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊

  23. သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့ သည် မယုံ။

  24. ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။

  25. နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊