အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊

  2. ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။

  3. တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။

  4. အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊

  5. ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။

  6. ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊

  7. ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။

  8. ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။

  9. ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။

  10. ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။

  11. သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။

  12. ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။

  13. ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။

  14. အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

  15. ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။

  16. ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊

  17. သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။

  18. တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊

  19. သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊

  20. ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊

  21. သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

  22. တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊

  23. ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။

  24. အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။

  25. ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။