အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊

  2. လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။

  3. သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်းမရှိ။

  4. လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

  5. ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။

  6. ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များ ကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

  7. ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။

  8. အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။

  9. သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။

  10. ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။

  11. ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။

  12. ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူ သည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။

  13. ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။

  14. သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။

  15. ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့ လှူကြ၏။

  16. အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။

  17. ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။

  18. သခင်ရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကိုကြံစည်ကြ၏။

  19. တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ၏အပေါင်းအဘော်ဖြစ်၏။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။

  20. သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။

  21. မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၎င်း၊ အစာအဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွါးများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။

  22. သင်တို့သည်ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။

  23. သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။

  24. ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။

  25. သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊