အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။

  2. သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  3. တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။

  4. မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံ ပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။

  5. မောဘပြည်အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  6. တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။

  7. ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။

  8. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊

  9. ဆင်းရဲသော သူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ်၊

  10. အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။

  11. သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။

  12. သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။

  13. ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။

  14. ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  15. အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။

  16. မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။

  17. မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။

  18. အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။

  19. ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။

  20. မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  21. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။

  22. ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည်။

  23. ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  24. အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။

  25. ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။