God
God ကို ဖော်ပြသော အခန်းငယ်များ
အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရ ဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။
ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ် သည်မဟုတ်လော။ ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။
တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။
သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။
သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။
ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။
သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။
အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။
မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။
အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။
သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။
ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။
ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။
ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊