အကြောင်းအရာသို့ ကျော်သွားရန်

Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

724 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။

  2. သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ်ကြ၏။

  3. အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ၏။

  4. သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။

  5. ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊

  6. ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။

  7. အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။

  8. ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။

  9. ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ် သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာပေါ်လိမ့်မည်နည်း။

  10. မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏။

  11. သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဘို့ရာ ဖန်ဆင်း သော တိရစ္ဆာန် သက်သက်ကဲ့သို့၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန် အစင် ပျပ်စီးခြင်းသို့ရောက်၍၊ မတရားသော အမှု၏ အပြစ်ကိုခံရကြလိမ့်မည်။

  12. နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစား ခြင်း အမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘော ရှိ၏။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။

  13. သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေ သာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။

  14. ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွား သဖြင့်၊ ဗောသော်၏ သားဗာလမ်၏လမ်းကိုလိုက်ကြ၏။

  15. ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်း ကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင် သော မြည်းသည်လူဘာသာအားဖြင့်မြွက်၍၊ ထို ပရောဖက်၏ မိုက်မဲခြင်းကိုမြစ်တားလေ၏။

  16. ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

  17. အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။

  18. လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။

  19. ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။

  20. ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။

  21. ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။

  22. ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။

  23. ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။

  24. ကိုယ်တော်၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော်ကိုမသိ မမြင်ရသေး။

  25. ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။