အကြောင်းအရာသို့ ကျော်သွားရန်

The Ox အကြောင်း ကျမ်းစာအခန်းငယ်များ

111 အခန်းငယ် · 73 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။

  2. သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။

  3. ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။

  4. ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွါနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။

  5. သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ ပုံသဏ္ဍာန်ကို ယူကြ၏။

  6. နွားတို့သည်လည်း ကြီးပွါးများပြားခြင်း ရှိပါ စေသော။ အနိုင်အထက်ဝင်ခြင်းမရှိ။ သိမ်းသွားခြင်းမရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့်။

  7. နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊

  8. သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။

  9. နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။

  10. ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။

  11. သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။

  12. နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။

  13. ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ၏။

  14. နွားမနှင့်ဝံမသည် အတူကျက်စား၍၊သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည် လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။

  15. ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။

  16. စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်း မွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။

  17. ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ၏။

  18. သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဝကြ၏။

  19. ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

  20. အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။

  21. ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။

  22. အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။

  23. သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။

  24. ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။

  25. ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။