Skip to content

Horonaim

4 verses

31.2800, 35.5100 Google Maps တွင် ကြည့်ရန်

Horonaim ကို ဖော်ပြသော အခန်းငယ်များ

  1. ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။

  2. ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကိုကြားရ၏။

  3. ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ၏။

  4. ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။