အကြောင်းအရာသို့ ကျော်သွားရန်

The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ

607 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။

  2. ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊

  3. ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။

  4. ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။

  5. တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။

  6. သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။

  7. အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

  8. ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊

  9. သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။

  10. တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊

  11. သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊

  12. ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊

  13. သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

  14. တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊

  15. ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။

  16. အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။

  17. ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။

  18. ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။

  19. အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။

  20. ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊

  21. ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။

  22. ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။

  23. တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊

  24. ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။

  25. ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊