အကြောင်းအရာသို့ ကျော်သွားရန်

Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ

465 အခန်းငယ် · 94 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊

  2. ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။

  3. ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

  4. မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊

  5. စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊

  6. မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။

  7. ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။

  8. ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။

  9. မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်

  10. အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊

  11. မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေးလေ၏။

  12. သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး။

  13. ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။

  14. ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။

  15. ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊

  16. အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊

  17. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  18. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊

  19. အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင်၊

  20. မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။

  21. ဒုတိယနေ့၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊

  22. အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  23. မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း

  24. မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊

  25. အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်၊