အကြောင်းအရာသို့ ကျော်သွားရန်

Satan အကြောင်း ကျမ်းစာအခန်းငယ်များ

135 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။

  2. ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။

  3. တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊

  4. ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။

  5. ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ၏။

  6. ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုး ကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

  7. တဖန်မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌ တင်ထား ပြီးလျှင်၊

  8. ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထား တော်မူသည်ဖြစ်၍၊

  9. သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ၏။

  10. ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကား ရှိ သည်ဟု ပြန်ပြောတော်မူ၏။

  11. ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။

  12. လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက် စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။

  13. ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။

  14. အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

  15. ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။

  16. သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။

  17. သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။

  18. တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။

  19. တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊

  20. ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။

  21. ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။

  22. သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။

  23. သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။

  24. ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။

  25. ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊