အကြောင်းအရာသို့ ကျော်သွားရန်

Resurrection အကြောင်း ကျမ်းစာအခန်းငယ်များ

194 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။

  2. ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။

  3. စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။

  4. စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။

  5. ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။

  6. ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။

  7. ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။

  8. မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။

  9. ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။

  10. ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။

  11. နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။

  12. သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။

  13. ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။

  14. ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။

  15. အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။

  16. သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။

  17. ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။

  18. သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့်ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။

  19. ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။

  20. ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။

  21. ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။

  22. ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။

  23. ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။

  24. သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊

  25. ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။