အကြောင်းအရာသို့ ကျော်သွားရန်

Quotations and Allusions အကြောင်း ကျမ်းစာအခန်းငယ်များ

636 အခန်းငယ် · 252 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ချမ်းသာလမ်းကိုသူတို့မသိကြ။

  2. ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။

  3. ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

  4. အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။

  5. ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။

  6. ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊ ထိုအာဗြဟံ သည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။

  7. သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများ တို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။

  8. သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ် တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။

  9. အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။

  10. ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာတ် ၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

  11. ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။

  12. သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။

  13. ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။

  14. ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ၏။

  15. ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။

  16. ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သော သူကိုငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။

  17. သင်တို့သည်ငါ၏လူမဟုတ်ဟုပြောဆိုရာ အရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရား သခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။

  18. ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။

  19. အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။

  20. ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။

  21. ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။

  22. မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။

  23. ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊

  24. ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။

  25. တဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့် နီး၏။ သင်၏ နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။