အကြောင်းအရာသို့ ကျော်သွားရန်

Quotations and Allusions အကြောင်း ကျမ်းစာအခန်းငယ်များ: Romans 11:8, »God hath given them the spirit of slumber...«

5 အခန်းငယ် · 252 ရှုထောင့်

"Quotations and Allusions" ကို ရှာဖွေရန်

Romans 11:8, »God hath given them the spirit of slumber...« အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့။

  2. သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။

  3. အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ။

  4. အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော် လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။

  5. ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။