Quotations and Allusions အကြောင်း ကျမ်းစာအခန်းငယ်များ: Acts 7:6, »That his seed should sojourn in a strange land...«
Acts 7:6, »That his seed should sojourn in a strange land...« အကြောင်း အခန်းငယ်များ
ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။
သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည်၌ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြ လိမ့်မည်။
သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။