အကြောင်းအရာသို့ ကျော်သွားရန်

Prophecies Respecting Christ အကြောင်း ကျမ်းစာအခန်းငယ်များ

253 အခန်းငယ် · 66 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။

  2. ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်၏အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ။

  3. ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။

  4. ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။

  5. အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။

  6. ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။

  7. အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။

  8. ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။

  9. ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဘော်တို့တွင်၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။

  10. ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။

  11. ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။

  12. အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။

  13. ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။

  14. တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။

  15. ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့။

  16. ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။

  17. ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။

  18. တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။

  19. ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။

  20. ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။

  21. ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။

  22. သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။

  23. မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။

  24. ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

  25. ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။