Prophecies Respecting Christ အကြောင်း ကျမ်းစာအခန်းငယ်များ: His being a Prophet like to Moses
His being a Prophet like to Moses အကြောင်း အခန်းငယ်များ
သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။
ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
ထာဝရဘုရားက၊ သူတို့ စကားသည် လျောက် ပတ်ပေ၏။
သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။