Prophecies Respecting Christ အကြောင်း ကျမ်းစာအခန်းငယ်များ: His being hated by the Jews
His being hated by the Jews အကြောင်း အခန်းငယ်များ
အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။
ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူ မျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော် မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူး တော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။