Prophecies Respecting Christ အကြောင်း ကျမ်းစာအခန်းငယ်များ: His universal dominion
His universal dominion အကြောင်း အခန်းငယ်များ
ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။