Skip to content

Procrastination အကြောင်း ကျမ်းစာအခန်းငယ်များ

64 အခန်းငယ် · 15 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။

  2. မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။

  3. သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊

  4. ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။

  5. မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။

  6. ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။

  7. ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။

  8. ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊

  9. အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။

  10. သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။

  11. အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊

  12. ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံ တော်၏အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။

  13. အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊

  14. ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။

  15. အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။

  16. ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။

  17. ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။

  18. အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။

  19. ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။

  20. ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊

  21. ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊

  22. ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

  23. ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။

  24. ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ၊

  25. ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။