Skip to content

Felix

8 အခန်းငယ် · 1 မိသားစုဝင်

Felix ကို ဖော်ပြသော အခန်းငယ်များ

  1. ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။

  2. ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။

  3. အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။

  4. ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက်၏။

  5. ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ၏။

  6. ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။

  7. နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။

  8. အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။