Skip to content

Pride အကြောင်း ကျမ်းစာအခန်းငယ်များ

303 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။

  2. တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊

  3. လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။

  4. ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။

  5. မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။

  6. အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။

  7. ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။

  8. ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။

  9. မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှ ကျ၏။

  10. အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊

  11. ကောင်းကင်ဘုံ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော် မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ် အရာကိုမျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါ ဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက်သခင်တည်းဟူသော ကိုယ်တော်၏ အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။

  12. ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။

  13. ဣသရေလအမျိုး၏ မာနသည်သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ်၌လဲ၍၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည်။

  14. ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ၏။

  15. ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။

  16. ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည်။

  17. ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။

  18. သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  19. သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။

  20. စိတ်မြင့်သော သူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။

  21. ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။

  22. မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။

  23. ထိုသူတို့သည် မာနကြီးသော သူဖြစ်၍၊ ကဲ့ရဲ့ လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ လူမျိုး တဘက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။

  24. ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက် မက်ဘွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည်။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။

  25. ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။