Skip to content

Pride အကြောင်း ကျမ်းစာအခန်းငယ်များ

303 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊

  2. ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။

  3. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။

  4. ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။

  5. အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။

  6. သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။

  7. မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။

  8. သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။

  9. သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကို တုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော။

  10. မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။

  11. ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။

  12. မြင့်သော အရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း ၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ၊ ဤအရပ် နှင့် အဘယ်သို့ဆိုင်သနည်း။

  13. ငါသည်လည်း သင်၏ အရာကို နှုတ်မည်။ သင် ၏ နေရာမှ သင့်ကိုချမည်။

  14. ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။

  15. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။

  16. ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ၏။

  17. ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။

  18. မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။

  19. စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။

  20. ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။

  21. သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။

  22. ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။

  23. သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။

  24. သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။

  25. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိ သောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီး သောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။