Skip to content

Pride အကြောင်း ကျမ်းစာအခန်းငယ်များ

303 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။

  2. တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

  3. ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ်၍ အရှက်ခွဲတော်မူမည်။

  4. ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

  5. နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

  6. ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

  7. လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊

  8. ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊

  9. လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။

  10. မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။

  11. သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြ လိမ့်မည်။

  12. သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊

  13. မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့်တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

  14. ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏ မျက်နှာလည်းပျက်ရ၏။

  15. အုတ်ရိုးပြို သော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။

  16. သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်။

  17. အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။

  18. အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။

  19. သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။

  20. သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။

  21. ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။

  22. ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊

  23. ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။

  24. သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

  25. ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။