အကြောင်းအရာသို့ ကျော်သွားရန်

Journey of Israel Through The Desert အကြောင်း ကျမ်းစာအခန်းငယ်များ

759 အခန်းငယ် · 177 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။

  2. ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း၌ ရပ်နေ၏။ ထိုအခါ ဗာလမ် သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင်၊

  3. ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။

  4. ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။

  5. ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။

  6. ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ်၌ ရပ်နေ၏။

  7. မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။

  8. ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း၊ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊

  9. ဗာလမ်က၊ သင်သည် ငါ့ကို ကျီစားပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။

  10. မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင် ၏အစီးကို အစဉ်ခံရသော သင်၏ မြည်းဖြစ်သည်မဟုတ် လော။ သင်၌တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။

  11. ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပြပ်ဝပ်လေ၏။

  12. ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့်၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ။

  13. မြည်းသည် ငါ့ကို မြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို၏။

  14. ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ် တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊

  15. ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။

  16. ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား၏။

  17. ဗာလက်မင်းကလည်း၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင်၊

  18. ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊

  19. ဗာလက်မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ၏။

  20. ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကို ပူဇော်၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ၏။

  21. နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။

  22. ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ၏။

  23. ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။

  24. ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။

  25. ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-