Skip to content

Hypocrisy အကြောင်း ကျမ်းစာအခန်းငယ်များ

246 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။

  2. ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။

  3. ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။

  4. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။

  5. လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။

  6. လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။

  7. မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။

  8. လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။

  9. ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။

  10. လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊

  11. ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။

  12. ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။

  13. သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။

  14. မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။

  15. ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊

  16. ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။

  17. ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။

  18. အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။

  19. ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊

  20. ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊

  21. မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။

  22. လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။

  23. အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။

  24. ထိုသို့ဆုံးမဩဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့ သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊

  25. ပွဲသဘင်။ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။